PosterPoster Tagline

အွန်လိုင်းပေါ်မှာ ပိုမိုပေါများလာတဲ့ အလိမ်အညာ ဂျင်းတွေ ကို ဂျင်းသိပြီး ဂျင်းမမိဖို့၊ ဂျင်းဆို‌ဝေးဝေးကရှောင်နိုင်ဖို့ ကိုယ်သိဖူး၊ကြုံဖူးတဲ့ လိမ်နည်း၊ဂျင်းထည့်နည်းတွေကို အချင်းချင်းပြန်လည်ဝေမျှပေးရင်း သတိပေးကာကွယ်ကြမယ်။

အလိမ်အညာဂျင်းတွေအကြောင်း ပိုသိဖို့၊ ကိုယ်သိတာတွေမျှဝေဖို့ အောက်တွင် ကလစ်နှိပ်ပါ။

အ(၄)လုံးဆောင်ဂျင်းရှောင်

အွန်လိုင်းအသုံးပြုသူမှန်ရင် အသက်ကြီး၊ငယ်၊ကျား၊မ၊မရွေး မတူညီတဲ့နည်းလမ်းမျိုးစုံနဲ့ အွန်လိုင်းပေါ်ကဂျင်းတွေကြုံလာနိုင်တာမို့ အ(၄)လုံးဆောင်လို့ ဂျင်းရှောင်ကြမယ်။

Icon01

အွန်လိုင်းပေါ်က အလိမ်အညာတွေရဲ့ ဂျင်းရှောင်ရှားဖို့ဆိုက်ဘာဘေးကင်း လုံခြုံရေးမှာ အထာသိသိ မအဖို့လို အလိမ်အညာဂျင်းတွေရဲ့သားကောင်မဖြစ်ဖို့ အွန်လိုင်းအသုံးပြုသူမှန်ရင် သတိထားကာကွယ်ရမယ့် အခြေခံအချက်လေးတွေတော့ သိထားဖို့လိုတာပေါ့နော်။ ဥပမာ - ကိုယ်ရေးကိုယ်တာအချက်အလက်တွေဖြစ်တဲ့ ဖုန်းနံပါတ်၊လိပ်စာ၊မှတ်ပုံတင် တို့ကို အွန်လိုင်းပေါ်မှာ အလွယ်တကူမဝေမျှဖို့ မသိတဲ့ မက်ဆေ့ခ်ျနဲ့ လင့်ခ်တွေကိုမနှိပ်မိဖို့ ကိုယ့်ဖုန်း၊မက်ဆေ့ခ်ျထဲက Password (လျှို့ဝှက်ကုဒ်)တွေကို တောင်းလာခဲ့ရင်မပေးဖို့ စတဲ့အခြေခံကာကွယ်ရမှာလေးတွေတော့ သိထားဖို့လိုပါတယ်။

Icon02

အလိမ်အညာနဲ့ ဂျင်းထည့်မယ့်သူက ပုံစံအမျိုးမျိုးနဲ့ ချဥ်းကပ်လာနိုင်တာမို့ အယုံမလွယ်ဘဲ သတိရှိဖို့လည်းလို လိမ်လည်သူတွေဟာ ကိုယ့်ဆီကို အယောင်ဆောင်ပြီး ချဉ်းကပ်လာနိုင်တာမို့ မူမမှန်တဲ့မက်ဆေ့ခ်ျ၊ဖုန်းခေါ်ဆိုမှုတွေနဲ့ခြိမ်းခြောက်မှုတွေကို အလွယ်တကူမယုံဘဲ သိနားလည်သူတွေနဲ့အရင်တိုင်ပင်အကူအညီယူဖို့လိုပါတယ်။

Icon03

ငွေကြေးလွှဲပြောင်းမှုမလုပ်ခင်တိုင်မှာ ပုံမှန်စစ်ဆေးအတည်ပြုသင့်တာတွေကိုအလျင်မလိုဘဲ သေချာစစ်ဆေးဖို့လိုလူလိမ်(Scammer)တွေဟာ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာဟာကွက်ကိုလေ့လာအသုံးချပြီး သေချာမတွေးနိုင်ဘဲ အလျင်စလိုဆုံးဖြတ်မိအောင် တိုက်တွန်းစေခိုင်းတတ်ကြပါတယ်။ဒါကြောင့် ငွေကြေးလွှဲပြောင်းမှုတွေမလုပ်ခင်တိုင်းမှာ သေချာအချိန်ယူစဉ်းစားပြီးမှသာဆုံးဖြတ်ဖို့လိုပါတယ်။

Icon04

အွန်လိုင်းပေါ်က ဆု၊လက်ဆောင်၊ကံစမ်းမဲနဲ့ ပုံမှန်မဟုတ်တဲ့ မက်လုံးတိုင်းကို သတိလက်လွတ် အငိုက်မမိဖို့လိုအွန်လိုင်းပေါ်ကနေ မူမမှန်တဲ့မက်လုံးတွေနဲ့ ဖြားယောင်းလာတဲ့အခါ ငွေကြေးသာမကကိုယ့်ရဲ့ ကိုယ်ပိုင်အချက်အလက်တွေ မပေးမိ၊မမျှဝေမိဖို့ကိုလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။ ပုံမှန်မဟုတ်တဲ့ ဆုလက်ဆောင်အပါအဝင် မက်လုံးတိုင်းဟာ လိမ်လည်နည်းဖြစ်နေနိုင်တာမို့ အငိုက်မမိဘဲ သတိရှိဖို့လိုပါတယ်။အွန်လိုင်းအလိမ်အညာဂျင်းတွေမမိဖို့ (အ)လေးလုံးဆောင်လို့ ဂျင်းရှောင်ကြပါစို့။

GingerGingerGingerGinger